အခုနောက်ပိုင်း လူတွေ တော်တော်များများက လူမှုကွန်ယက် (Facebook) ကို အသုံးပြုနေကြပါတယ်။ Facebook ကလည်း လူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ရယူပြီး တခြားလိုအပ်သူတွေကို ပြန်ရောင်းချနေတာလည်းဖြစ်ပါတယ်။

Facebook တင်မဟုတ်ဘဲ Facebook ကနေ တစ်ဆင့် တခြား Apps တွေကလည်း ကိုယ့် Facebook ပေါ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ရယူနေကြပြန်ပါတယ်။

Facebook သုံးနေရင်း ဘယ်လို Apps တွေကို သုံးမိသွားတယ်ဆိုတာ အသုံးပြုသူတွေက မသိပေမယ့် အဲ့ဒီ Apps တွေက ကိုယ်စအသုံးမိကတည်းက ကိုယ့်အချက်အလက်တွေကို ရယူနေပြီဖြစ်ပါတယ်။

အဲ့ဒီ App တွေကို ကိုယ့်အကောင့်ထဲက ဖျက်လို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Facebook App ကနေ Account Settings ကို ၀င်ပါ။

အဲ့ကနေ “Apps” ကို ၀င်ပါ။

အဲ့ဒီထဲကနေ “Logged in with Facebook” ကို ၀င်ပါ။

ကိုယ့် Facebook ကို ၀င်ရောက်နိုင်တဲ့ Application တွေ ကျလာပါလိမ့်မယ်။

Application တစ်ခုချင်းစီကို ၀င်ပြီး ဖျက်လို့ရပါတယ်။ တစ်ကြိမ်မှာ App တစ်ခုတည်းတာ ဖျက်လို့ရတာကြောင့် ဖျက်တဲ့အခါမှာတော့ အလုပ်ရှုပ်ပါလိမ့်မယ်။

New App တွေရဲ့ Notification မရအောင်လည်း “Settings” ထဲကနေ “App Settings” ထဲသွားပြီး ပိတ်လို့ရပါတယ်။