Microsoft က Windows 11 ကို ဖြန့်ချိထားတာ ၂ လလောက် ရှိနေပြီ ဖြစ်ပြီး Windows Insider Program မှာ ပါဝင်ထားသူတွေက အခမဲ့ Download လုပ်နိုင်ပါတယ်။ ဒါပေမယ့် Microsoft က Windows 11 Preview Build ကိုပဲ ဖြန့်ချိထားပြီး Bugs တွေ ပါလာမှာပါ။ Windows 11 ကို သင့် PC မှာ Install မလုပ်ဘဲ စမ်းသပ် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

မကြာခင်က Blue Edge အမည်ရ Developer ၁ ယောက်က Windows 11 ကို စမ်းသပ် အသုံးပြုနိုင်မယ့် Webpage ၁ ခုကို ဖန်တီးပေးလိုက်ပါတယ်။ သင့် PC ဟာ Windows 11 နဲ့ Compatible မဖြစ်ရင်လည်း အဲဒီ Webpage မှာ စမ်းသပ် အသုံးပြုနိုင်ပါတယ်။

Webpage ဖြစ်တဲ့အတွက် File Explorer , Run Dialog Box နဲ့ Settings အပါအဝင် Windows 11 လုပ်ဆောင်ချက်အားလုံးကို စမ်းသပ်လို့တော့ မရပါဘူး။ Windows 11 ရဲ့ Interface ကို လေ့လာနိုင်မှာ ဖြစ်ပြီး Start Menu , Search Widget , Edge Browser နဲ့ Windows Store တို့ကို စမ်းသပ် အသုံးပြုနိုင်မှာပါ။ အဲဒီ Webpage မှာလည်း Bugs တွေရှိနေပေမယ့် သင့် PC ကို မထိခိုက်ပါဘူး။

၁။ သင့် PC က နှစ်သက်တဲ့ Browser ကို ဖွင့်ပြီး ဒီလင့် ကနေ Webpage ကို သွားပါ။

၂။ အဲဒီမှာ Windows 11 Interface ကို မြင်ရမှာ ဖြစ်ပြီး Taskbar Icon ကို Screen ရဲ့ အလယ်ကို ပြောင်းထားတာ မြင်ရပါတယ်။

၃။ Start Button ကို နှိပ်ပြီး Start Menu ကို လေ့လာနိုင်ပါတယ်။

၄။ Microsoft Store ကိုလည်း အသုံးပြုနိုင်ပါတယ်။

၅။ Taskbar ကနေ Date & Time Settings ကို လေ့လာနိုင်ပါတယ်။

၆။ Microsoft Edge က လုပ်ဆောင်ချက် ပြည့်စုံပြီး Webpage တွေ ဖွင့်ကြည့်နိုင်ပါတယ်။

ဒါဆိုရင် Windows 11 ကို Install လုပ်စရာ မလိုဘဲ Interface ကို လေ့လာနိုင်သလို လုပ်ဆောင်ချက် တချို့ကို စမ်းသပ် အသုံးပြုနိုင်မှာပါ။

Ref : techviral