Google Maps (Android) မှာ Incognito Mode ကို ၂၀၁၉ ခုနှစ်ကတည်းက ထည့်သွင်းပေးထားတာ ဖြစ်ပြီး Google Maps မှာ သင် သွားတဲ့ နေရာတွေကို တခြား လူတွေ မသိစေချင်တဲ့ အခါမျိုး၊ သူငယ်ချင်း ၁ ယောက်က သင့်ဖုန်းက Google Maps ကို ခဏ သုံးတဲ့ အခါမျိုးတွေမှာ သင့် Location History ကို မသိစေချင်တဲ့ အခါမျိုးတွေမှာ Incognito Mode က အသုံးဝင်ပါတယ်။

Google Maps (Android) မှာ Incognito Mode ကို သုံးဖို့အတွက်

၁။ Google Maps ကို ဖွင့်ပြီး ညာဘက်ထိပ်က သင့် Avatar ကို နှိပ်ပါ။

၂။ Maps Settings Menu ထဲက “ Turn on Incognito Mode” ကို နှိပ်ပါ။

၃။ ဒါဆိုရင် ကာကွယ်ပေးထားတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးမှာ ဖြစ်ပြီး “ Close “ ကို နှိပ်ပါ။

၄။ ပြီးရင်တော့ Incognito Mode ထဲ ရောက်သွားပါပြီ။

Incognito Mode မှာ သင့် Location နဲ့ Search Data တွေကို မှတ်သားထားမှာ မဟုတ်သလို သင့် အရင်က Location History တွေကိုလည်း အဲဒီမှာ မပြသထားပါဘူး။ ဒါ့အပြင် သင့်ရဲ့ Daily Commute, Saved Places , Google Map Contributions, Offline Maps တွေကိုပါ ဖျောက်ပေးထားမှာပါ။

Ref : androidpolice