Zawgyi

Mid-Range ဖုန္း အလန္းေတြ ထုတ္ေလ့ရွိတဲ့ OPPO ရဲ႕ Brand ခြဲျဖစ္တဲ့ Realme ကေန Realme 3 ကို လာမယ့္ မတ္လမွာ တရားဝင္ မိတ္ဆက္ေတာ့မယ္လို႔ ခန္႔မွန္းေနၾကပါၿပီ။ Realme 3 ဟာ Realme ကေန ထုတ္ဖူးသမွ်ဖုန္းေတြထဲမွာ ေျခာက္လံုးေျမာက္ ဖုန္းျဖစ္လာမွာပါ။ ဖုန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ တစ္ခ်ိဳ႕ကို ကုမၸဏီ ကိုယ္တိုင္က ထုတ္ေျပာၿပီးတဲ့အခါမွာေတာ့ Realme 3 ရဲ႕ တစ္ကယ့္ ပံုရိပ္အစစ္ေတြဟာဆိုရင္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လို႔ေနပါၿပီ။

အမွန္တစ္ကယ္ေတာ့ မေန႔ကတည္းက Realme India ရဲ႕ CEO ျဖစ္သူ Madhav Sheth က ေနာက္ေက်ာဘက္ ေဒါင္လိုက္ ကင္မရာေတြတပ္ဆင္ထားတဲ့ ဖုန္းတစ္လံုးရဲ႕ ပံုကို ဆိုရွယ္ မီဒီယာေတြေပၚ ျဖန္႔ေဝခဲ့ပါတယ္။ လတ္တေလာမွာ ကင္မရာ ေဒါင္လိုက္တပ္ဆင္ထားတဲ့ Realme ဖုန္းေတြမရွိတာေၾကာင့္ Realme CEO ျဖန္႔ေဝလိုက္တဲ့ ဖုန္းဟာ Realme 3 ျဖစ္ႏိုင္ပါတယ္။ ထူးျခားခ်က္ကေတာ့ အထက္ပါပံုမွာ ဖုန္းရဲ႕ ပကတိ ဒီဇိုင္းကို မျမင္ရပဲ တစ္မူထူးျခားတဲ့ ကာဗာတပ္ဆင္ထားတာပါ။ အဆိုပါ ကာဗာဟာ Realme 1 ရဲ႕ ေနာက္ေက်ာဘက္ ဒီဇိုင္းလိုပဲ Diamond Cut ဒီဇိုင္းနဲ႔ပါ။

အခုေတာ့ အဆိုပါ ကာဗာေတြေအာက္က Realme 3 ရဲ႕ ပကတိ ဒီဇိုင္းပံုေတြ ထြက္ေပၚလာခဲ့ပါၿပီ။ ဖုန္းအသစ္ေတြရဲ႕ ဒီဇိုင္းပံုရိပ္ေတြကို ေဖာ္ျပေလ့ရွိတဲ့ နာမည္ႀကီး ဝဘ္ဆိုက္ျဖစ္တဲ့ The Leaker ကေနၿပီး Realme 3 ရဲ႕ ေနာက္ေက်ာဘက္ ဒီဇိုင္းပံုရိပ္ေတြကို ထုတ္ျပခဲ့တာပါ။ ပံုရိပ္ေတြအရ Realme 3 ကို ေရာင္ေျပးကာလာေတြျဖစ္တဲ့ Starry Blue နဲ႔ Starry Purple Gradient အေရာင္ေတြနဲ႔ ေတြ႕ရပါတယ္။ ဒါေပမယ့္ ဖုန္းရဲ႔ ေနာက္ေက်ာဘက္ ေဘာ္ဒီကာဗာက ပလတ္စတစ္လား၊ မွန္သားမ်က္ႏွာျပင္လား ဆိုတာကိုေတာ့ ေသခ်ာ မသိရေသးပါဘူး။ Realme 2 Pro ထြက္လာတုန္းကေတာ့ မွန္သားမ်က္ႏွာျပင္ အသံုးျပဳထားတဲ့ ပံုေပၚေပမယ့္ တစ္ကယ္တမ္းမွာေတာ့ ပလတ္စတစ္ကိုသာ အသံုးျပဳထားခဲ့တာပါ။

အထက္ပါ ပံုေတြအရ ေနာက္ထပ္သိရတာ ကေတာ့ 3.5mm နားက်ပ္ေပါက္ကို ဖုန္းရဲ႕ေအာက္ေျခေဘာင္မွာ တပ္ဆင္ေပးထားတာပါ။ USB ေပါက္ကို ျမင္ရေပမယ့္ ႐ိုး႐ိုး Micro USB လား Type C လားဆိုတာကိုေတာ့ ေသခ်ာေတြ႕ျမင္ရျခင္း မရွိေသးပါဘူး။ ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ လက္ေဗြရာ စနစ္တပ္ဆင္ေပးထားမယ္ဆိုတဲ့ အခ်က္ကေတာ့ Realme CEO ထုတ္ျပလိုက္တဲ့ ပံုမွာကတည္းက သိထားၿပီးတာျဖစ္ၿပီး အခု ေပါက္ၾကားလာတဲ့ ပံုေတြကေတာ့ အဆိုပါ အခ်က္ေတြကို အတည္ျပဳလိုက္ပါၿပီ။

စြမ္းေဆာင္ရည္ပိုင္းအတြက္ေတာ့ Realme 3 မွာ Mediatek ရဲ႕ Helio P70 ပ႐ိုဆက္ဆာကို တပ္ဆင္ေပးထားၿပီး အနည္းဆံုး RAM ပမာဏ 4GB ပါဝင္မွာပါ။ Internal Storage ပမာဏကေတာ့ 64GB ပါဝင္မွာျဖစ္ၿပီး 128GB ဗားရွင္းလည္း ေရာင္းခ်ႏိုင္ေျခရွိပါတယ္။ ဖုန္းရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ဒီဇိုင္းကိုေတာ့ ေတြ႕ျမင္ရျခင္း မရွိပဲ Realme U1 တို႔လိုပဲ Teardrop Notch ပါဝင္တဲ့ Display တပ္ဆင္ေပးထားဖို႔ကေတာ့ ရာခိုင္ႏႈန္း အေတာ္မ်ားေနပါတယ္။ Mid-Range သမားေတြ အတြက္ ေရြးခ်ယ္စရာ တစ္ခုကေတာ့ ထပ္ေပၚလာျပန္ပါၿပီ။ ေပးရတဲ့ ေစ်းနဲ႔ အထိုက္တန္ဆံုး ဖုန္းတစ္လံုးျဖစ္မလား ဆိုတာကိုေတာ့ မတ္လ မွာေစာင့္ၾကည့္ရမွာပါ။

Ref: Gizmo China

Unicode

Realme 3 ရဲ့ နောက်ကျောဘက် ပုံအစစ်များ ထွက်ပေါ်လာ

Mid-range ဖုန်း အလန်းတွေ ထုတ်လေ့ရှိတဲ့ OPPO ရဲ့ Brand ခွဲဖြစ်တဲ့ Realme ကနေ Realme 3 ကို လာမယ့် မတ်လမှာ တရားဝင် မိတ်ဆက်တော့မယ်လို့ ခန့်မှန်းနေကြပါပြီ။ Realme 3 ဟာ Realme ကနေ ထုတ်ဖူးသမျှဖုန်းတွေထဲမှာ ခြောက်လုံးမြောက် ဖုန်းဖြစ်လာမှာပါ။ ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ချို့ကို ကုမ္ပဏီ ကိုယ်တိုင်က ထုတ်ပြောပြီးတဲ့အခါမှာတော့ Realme 3 ရဲ့ တစ်ကယ့် ပုံရိပ်အစစ်တွေဟာဆိုရင် အွန်လိုင်းမှာ ပျံ့နှံ့လို့နေပါပြီ။

အမှန်တစ်ကယ်တော့ မနေ့ကတည်းက Realme India ရဲ့ CEO ဖြစ်သူ Madhav Sheth က နောက်ကျောဘက် ဒေါင်လိုက် ကင်မရာတွေတပ်ဆင်ထားတဲ့ ဖုန်းတစ်လုံး ကို ဆိုရှယ် မီဒီယာတွေပေါ် ဖြန့်ဝေခဲ့ပါတယ်။ လတ်တလောမှာ ကင်မရာ ဒေါင်လိုက်တပ်ဆင်ထားတဲ့ Realme ဖုန်းတွေမရှိတာကြောင့် Realme CEO ဖြန့်ဝေလိုက်တဲ့ ဖုန်းဟာ Realme 3 ဖြစ်နိုင်ပါတယ်။ ထူးခြားချက်ကတော့ အထက်ပါပုံမှာ ဖုန်းရဲ့ ပကတိ ဒီဇိုင်းကို မမြင်ရပဲ တစ်မူထူးခြားတဲ့ ကာဗာတပ်ဆင်ထားတာပါ။ အဆိုပါ ကာဗာဟာ Realme 1 ရဲ့ နောက်ကျောဘက် ဒီဇိုင်းလိုပဲ Diamond Cut ဒီဇိုင်းနဲ့ပါ။

အခုတော့ အဆိုပါ ကာဗာတွေအောက်က Realme 3 ရဲ့ ပကတိ ဒီဇိုင်းပုံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဖုန်းအသစ်တွေရဲ့ ဒီဇိုင်းပုံရိပ်တွေကို ဖော်ပြလေ့ရှိတဲ့ နာမည်ကြီး ဝဘ်ဆိုက်ဖြစ်တဲ့ The Leaker ကနေပြီး Realme 3 ရဲ့ နောက်ကျောဘက် ဒီဇိုင်းပုံရိပ်တွေကို ထုတ်ပြခဲ့တာပါ။ ပုံရိပ်တွေအရ Realme 3 ကို ရောင်ပြေးကာလာတွေဖြစ်တဲ့ Starry Blue နဲ့ Starry Purple Gradient အရောင်တွေနဲ့ တွေ့ရပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ နောက်ကျောဘက် ဘော်ဒီကာဗာက ပလတ်စတစ်လား၊ မှန်သားမျက်နှာပြင်လား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။ Realme 2 Pro ထွက်လာတုန်းကတော့ မှန်သားမျက်နှာပြင် အသုံးပြုထားတဲ့ ပုံပေါ်ပေမယ့် တစ်ကယ်တန်းမှာတော့ ပလတ်စတစ်ကိုသာ အသုံးပြုထားခဲ့တာပါ။

အထက်ပါ ပုံတွေအရ နောက်ထပ်သိရတာ ကတော့ 3.5mm နားကျပ်ပေါက်ကို ဖုန်းရဲ့အောက်ခြေဘောင်မှာ တပ်ဆင်ပေးထားတာပါ။ USB ပေါက်ကို မြင်ရပေမယ့် ရိုးရိုး Micro USB လား Type C လားဆိုတာကိုတော့ သေချာတွေ့မြင်ရခြင်း မရှိသေးပါဘူး။ ဖုန်းရဲ့ နောက်ကျောဘက်မှာ လက်ဗွေရာ စနစ်တပ်ဆင်ပေးထားမယ်ဆိုတဲ့ အချက်ကတော့ Realme CEO ထုတ်ပြလိုက်တဲ့ ပုံမှာကတည်းက သိထားပြီးတာဖြစ်ပြီး အခု ပေါက်ကြားလာတဲ့ ပုံတွေကတော့ အဆိုပါ အချက်တွေကို အတည်ပြုလိုက်ပါပြီ။

စွမ်းဆောင်ရည်ပိုင်းအတွက်တော့ Realme 3 မှာ Mediatek ရဲ့ Helio P70 ပရိုဆက်ဆာကို တပ်ဆင်ပေးထားပြီး အနည်းဆုံး RAM ပမာဏ 4GB ပါဝင်မှာပါ။ Internal Storage ပမာဏကတော့ 64GB ပါဝင်မှာဖြစ်ပြီး 128GB ဗားရှင်းလည်း ရောင်းချနိုင်ခြေရှိပါတယ်။ ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်ဒီဇိုင်းကိုတော့ တွေ့မြင်ရခြင်း မရှိပဲ Realme U1 တို့လိုပဲ Teardrop Notch ပါဝင်တဲ့ Display တပ်ဆင်ပေးထားဖို့ကတော့ ရာခိုင်နှုန်း အတော်များနေပါတယ်။ Mid-range သမားတွေ အတွက် ရွေးချယ်စရာ တစ်ခုကတော့ ထပ်ပေါ်လာပြန်ပါပြီ။ ပေးရတဲ့ ဈေးနဲ့ အထိုက်တန်ဆုံး ဖုန်းတစ်လုံးဖြစ်မလား ဆိုတာကိုတော့ မတ်လ မှာစောင့်ကြည့်ရမှာပါ။

Ref: Gizmo China