Zawgyi

Apple ကေန ႏွစ္စဥ္မိတ္ဆက္ေနၾက iPhone အသစ္ေတြျဖစ္တဲ့ iPhone 11 ေတြကို လာမယ့္ စက္တင္ဘာလမွာ မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ iPhone ေတြတင္မဟုတ္ဘဲ iPad Pro နဲ႔ 10.2-inch iPad (2019) အသစ္ကိုပါ ယခုႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္လာမယ္ဆုိတဲ့သတင္းေတြလည္း ထြက္ရွိေနပါျပီ။

အခုအခ်ိန္မွာေတာ့ Apple ကေန အသစ္မိတ္ဆက္မယ့္ iPad Pro နဲ႔ iPad 10.2-inch (2019) အသစ္ေတြအတြက္ Camera ပိုင္းနဲ႔ သက္ဆုိင္တဲ့ Rumor တစ္ခုထြက္လာပါတယ္။ ဒါကေတာ့ ဒီ Apple iPad အသစ္ေတြမွာ Camera ပိုင္းကို Upgrade လုပ္လာဖုိ႔ရွိေနတာပဲျဖစ္ပါတယ္။

အရင္ဆံုးအေနနဲ႔ Entry iPad တစ္ခုျဖစ္လာမယ့္ iPad 10.2-inch မွာဆုိရင္ ဒီႏွစ္ iPhone XR (2019) လုိမ်ိဳးပဲ Dual Camera ကို Upgrade လုပ္လာမွာျဖစ္ျပီးေတာ့ 12MP Primary Sensor အျပင္ ေနာက္ထပ္ 12MP Telephoto Sensor ပါဝင္လာမွာျဖစ္ပါတယ္။ ဒီ Sensor ၂ ခုစလံုးကလည္း OIS ပါမွာျဖစ္သလုိ Quad-LED Flash လည္းပါမယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ iPad Pro (2019) အသစ္ကလည္း စက္တင္ဘာလမွာမိတ္ဆက္လာမယ့္ iPhone 11 ရဲ႕ Triple Camera Setup ကို အသံုးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ iPad Pro အသစ္ေတြက ပံုမွန္ 12MP Primary + 12MP Telephoto Sensor ေတြအျပင္ ေနာက္ထပ္ 12MP 120-degree Ultrawide Sensor ပါ ပါဝင္လာမွာပါ။

ဒီလုိမ်ိဳး iPad 10.2-inch နဲ႔ iPad Pro အသစ္ေတြမွာ iPhone ေတြလုိမ်ိဳး ဆင္တူတဲ့ Camera ပါဝင္လာတာက ယခင္တုန္းက iPhone ေတြနဲ႔ယွဥ္ရင္ Camera ပိုင္းအားနည္းခဲ့တာက လံုးဝကို ေပ်ာက္သြားေတာ့မွာပါ။ ဒီလုိမ်ိဳး ပိုေကာင္းတဲ့ Camera Setup ေတြက iPad အသစ္ေတြကို AR ပိုင္းမွာလည္း သိသိသာသာကို တုိးတက္လာေစႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ iPad နဲ႔ ဓါတ္ပံု၊ ဗီဒီယိုရုိက္တတ္တဲ့သူေတြအတြက္ကေတာ့ ဒီႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္လာမယ့္ iPad 10.2-inch နဲ႔ iPad Pro အသစ္ေတြကို ေစာင့္လိုက္တာပိုေကာင္းမွာပါ။

Ref – Phone Arena

Unicode

Apple ကနေ နှစ်စဉ်မိတ်ဆက်နေကြ iPhone အသစ်တွေဖြစ်တဲ့ iPhone 11 ဖုန်းတွေကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် iPhone တွေတင်မဟုတ်ဘဲ iPad Pro နဲ့ 10.2-inch iPad (2019) အသစ်ကိုပါ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ရှိနေပါပြီ။

အခုအချိန်မှာတော့ Apple ကနေ အသစ်မိတ်ဆက်မယ့် iPad Pro နဲ့ iPad 10.2-inch (2019) အသစ်တွေအတွက် Camera ပိုင်းနဲ့ သက်ဆိုင်တဲ့ Rumor တစ်ခုထွက်လာပါတယ်။ ဒါကတော့ ဒီ Apple iPad အသစ်တွေမှာ Camera ပိုင်းကို Upgrade လုပ်လာဖို့ရှိနေတာပဲဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ Entry iPad တစ်ခုဖြစ်လာမယ့် iPad 10.2-inch မှာဆိုရင် ဒီနှစ် iPhone XR (2019) လိုမျိုးပဲ Dual Camera ကို Upgrade လုပ်လာမှာဖြစ်ပြီးတော့ 12MP Primary Sensor အပြင် နောက်ထပ် 12MP Telephoto Sensor ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Sensor ၂ ခုစလုံးကလည်း OIS ပါမှာဖြစ်သလို Quad-LED Flash လည်းပါမယ်လို့ သိရပါတယ်။

ဒါ့အပြင် iPad Pro (2019) အသစ်ကလည်း ဒီလာမယ့် စက်တင်ဘာလမှာမိတ်ဆက်လာမယ့် iPhone 11 ရဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPad Pro အသစ်တွေက ပုံမှန် 12MP Primary + 12MP Telephoto Sensor တွေအပြင် နောက်ထပ် 12MP 120-degree Ultrawide Sensor ပါ ပါဝင်လာမှာပါ။

ဒီလိုမျိုး iPad 10.2-inch နဲ့ iPad Pro အသစ်တွေမှာ iPhone တွေလိုမျိုး ဆင်တူတဲ့ Camera ပါဝင်လာတာက ယခင်တုန်းက iPhone တွေနဲ့ယှဉ်ရင် Camera ပိုင်းအားနည်းခဲ့တာက လုံးဝကို ပျောက်သွားတော့မှာပါ။ ဒီလိုမျိုး ပိုကောင်းတဲ့ Camera Setup တွေက iPad အသစ်တွေကို AR ပိုင်းမှာလည်း သိသိသာသာကို တိုးတက်လာစေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPad နဲ့ ဓါတ်ပုံ၊ ဗီဒီယိုရိုက်တတ်တဲ့သူတွေအတွက်ကတော့ ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် iPad 10.2-inch နဲ့ iPad Pro အသစ်တွေကို စောင့်လိုက်တာပိုကောင်းမှာပါ။

Ref – Phone Arena