Zawgyi

ဒီတစ္ပတ္မွာေတာ့ ကမာၻေက်ာ္ဂိမ္းစီးရီးတစ္ခုျဖစ္တဲ့ Call Of Duty ဟာ မုိဘုိင္းပလက္ေဖာင္းေပၚကို ေရာက္ရွိလာခဲ့ၿပီး ၃ ရက္အတြင္း ကစားသူ သန္း ၂၀ ေက်ာ္ခန္႔ရရွိခဲ့ပါတယ္။ မၾကာေသးခင္ကပဲ Nintendo ဟာလည္း သူ႕ရဲ႕ ကြန္ဆိုးဂိမ္းစက္ေတြေပၚမွာသာ ရရွိႏုိင္ခဲ့တဲ့ Mario Kart ကို မုိဘုိင္းဗားရွင္းထုတ္လာခဲ့တာေၾကာင့္ နာမည္ေက်ာ္ ဂိမ္းကုမၸဏီႀကီးေတြဟာ မုိဘုိင္းကို ပိုၿပီးအာရုံစုိက္လာၾကပါၿပီ။ အခုအပတ္အတြင္း အသစ္ထြက္လာတဲ့ Android App ေတြထဲက ေကာင္းႏုိးရာရာေတြကို ေဖာ္ျပေပးပါရေစ။

၁. Walk Master

Walk Master ကေတာ့ ရုိးရွင္းတဲ့ ထိန္းခ်ဳပ္ပုံနဲ႔ အဆင့္လုိက္ ခက္ခဲသြားတဲ့ Gameplay ကိုႏွစ္သက္သူေတြအတြက္ ျဖစ္ပါတယ္။ အရင္က QWOP နဲ႔ Daddy Long Legs တုိ႔လို ဂိမ္းေတြနဲ႔တူညီတဲ့ မုိဘုိင္းဂိမ္းျဖစ္ၿပီး ကစားသူက ကုလားမေျခေထာက္ေပၚက ကုိယ့္ရဲ႕ကာရုိက္တာကို ဟန္ခ်က္ညီညီနဲ႔ လိုရာပန္းတုိင္ေရာက္တဲ့ထိ ထိန္းေက်ာင္းရမွာ ျဖစ္ပါတယ္။ ေျပာတာကလြယ္ေပမယ့္ အႏုိင္ရဖို႔က ခက္တာကို ျမင္ရမွာပါ။ ဒီဂိမ္းထဲမွာ ကစားႏုိင္တဲ့ ဇာတ္ေကာင္ ၂၆ ေယာက္ထိရွိၿပီး Level ေတြကလည္း အမ်ားႀကီးပါ။

၂. John GBAC and John NESS

မုိဘုိင္းဂိမ္းေတြဟာ ခရီးေဆာင္ကြန္ျပဴတာတစ္ပိုင္းျဖစ္လာတဲ့အခါ ကၽြန္ေတာ္တုိ႔ ငယ္စဥ္က ဂိမ္းစက္ေတြမွာ ေဆာ့ခဲ့ၾကတဲ့ ဂိမ္းေတြကို ဖုန္းထဲမွာ Emulator ေတြနဲ႔ အလြယ္တကူျပန္ေဆာ့ၾကပါတယ္။ အခု John GBAC နဲ႔ John NESS တုိ႔ဟာ အသစ္ထြက္ Emulator ေတြျဖစ္ၿပီး John GBAC က Nintendo ရဲ႕နာမည္ေက်ာ္လက္ကုိင္ဂိမ္းစက္ Game Boy Advance နဲ႔ Game Boy Color ႏွစ္မ်ဳိးလုံးအတြက္ တစ္ခုတည္းမွာ ေဆာ့ကစားႏုိင္မွာျဖစ္သလုိ John NESS ကေတာ့ SNES (ငယ္စဥ္က နင္တန္းဒုိးလုိ႔ ေခၚခဲ့ၾကတဲ့ ဂိမ္းစက္) နဲ႔ NES (Family ဂိမ္း) အတြက္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ခုထဲနဲ႔ ပလက္ေဖာင္းေလးခုစာ ငယ္ဘဝအမွတ္တရဂိမ္းေတြကို ေဆာ့ကစားႏုိင္မွာပါ။

အခမဲ့ရတဲ့ Android Emulator ေတြထဲမွာ Feature ျပည့္ျပည့္စုံစုံနဲ႔ ေကာင္းမြန္တဲ့ Emu ေတြကရွားပါတယ္။ ဒီ John Emulator ေတြမွာေတာ့ Save/Load စနစ္ေရာ၊ Cheat Code Support လုပ္တာေရာ၊ Controller နဲ႔ပါ ခ်ိတ္ဆက္ႏုိင္ရုံမက Cloud Storage Support ပါ ပါဝင္လို႔ ေတာ္ေတာ္ေလး ဘက္စုံရတယ္လုိ႔ ဆုိႏုိင္တဲ့ Emu အသစ္ျဖစ္ပါတယ္။

၃. League of Wonderland

League Of Wonderland ဟာ တစ္ခါကေတာ့ Nintendo, Sony တုိ႔နဲ႔အၿပိဳင္ၾကဲခဲ့တဲ့ ဂိမ္းကုမၸဏီႀကီး SEGA မွ ထုတ္လုပ္ထားတဲ့ လက္ရာသစ္ျဖစ္ပါတယ္။ သူကေတာ့ Card-Dueling ဂိမ္းတစ္ခုပါ။ ကစားသူေတြက Card ရွစ္ခုပါတဲ့ Deck တစ္ခုကို ဖန္တီးၿပီး အျခားကစားသူေတြနဲ႔ အြန္လုိင္းမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ကစားပြဲေတြက အျခားကတ္ဂိမ္းေတြလိုမဟုတ္ဘဲ အံ့ၾသစရာေကာင္းေအာင္ ျမန္ဆန္ၿပီး ႏွစ္မိနစ္ခန္႔သာ ၾကာမွာပါ။ ဒါ့အျပင္ ကုိယ္အႏုိင္ရေအာင္ ေရြးခ်ယ္စရာ ကစားပုံနဲ႔ ကတ္အမ်ဳိးအစားေတြကလည္း မ်ားျပားလွပါတယ္။ မိုဘုိင္းဂိမ္း အနည္းစုမွာသာ ပါဝင္တဲ့ Feature တစ္ခုျဖစ္တဲ့ အျခားသူေတြရဲ႕ပြဲကို ဝင္ၾကည့္ႏုိင္တဲ့ Viewer Mode လည္း ပါဝင္ျပန္တယ္။ ဒီဂိမ္းဟာ Free-to-play ျဖစ္ေပမယ့္ ထုံးစံအတုိင္း ကတ္ေတြကို ဝယ္ယူရတဲ့ In-game purchase ေတာ့ ပါဦးမွာပါ။

၄. Call of Duty: Mobile

ေနာက္ဆုံးနဲ႔ ဒီအပတ္အတြက္ အထင္ရွားဆုံးကေတာ့ Call of Duty: Mobile ပဲျဖစ္ပါတယ္။ ဒီဂိမ္းဟာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အျခားဂိမ္းပလက္ေဖာင္းမ်ဳိးစုံမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ထားတဲ့ Shooter ဂိမ္းစီးရီးႀကီးပါ။ ဒါ့အျပင္ Activision က ဒီဂိမ္းကို PUBG ရဲ႕ပုိင္ရွင္ Tencent နဲ႔ပူးေပါင္းၿပီး ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ဒီဂိမ္းရဲ႕အားသာခ်က္ကေတာ့ သူ႕ဂိမ္းစီးရီးထဲက ဇာတ္ေကာင္ေတြ၊ လက္နက္နဲ႔ ေျမပုံေတြကို ယူသုံးစြဲထားတာ၊ မာလ္တီပေလယာ ကစားဖို႔ ဂိမ္း Mode ေပါင္းမ်ားစြာ ပါဝင္တာ စသျဖင့္ ျဖစ္ပါတယ္။ ဒီထဲမွာ ဂိမ္းကာရုိက္တာေတြနဲ႔ Skin ေတြကို ကံစမ္းမဲႏႈိက္ရမယ့္ Gacha ပုံစံလည္း ပါဝင္မွာျဖစ္ေပမယ့္ အခမဲ့ ကစားႏုိင္ပါတယ္။ ဖြင့္ဖြင့္ခ်င္းမွာ သန္းနဲ႔ခ်ီတဲ့ ကစားသမားေတြ တၿပိဳင္နက္ဝင္ေရာက္ခဲ့တဲ့အတြက္ ျပႆနာေတြလည္း ၾကဳံေတြ႕ခဲ့ရပါတယ္။

Ref – Android Authority

Unicode

ဒီတစ်ပတ်မှာတော့ ကမ္ဘာကျော်ဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Call Of Duty ဟာ မိုဘိုင်းပလက်ဖောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီး ၃ ရက်အတွင်း ကစားသူ သန်း ၂၀ ကျော်ခန့်ရရှိခဲ့ပါတယ်။ မကြာသေးခင်ကပဲ Nintendo ဟာလည်း သူ့ရဲ့ ကွန်ဆိုးဂိမ်းစက်တွေပေါ်မှာသာ ရရှိနိုင်ခဲ့တဲ့ Mario Kart ကို မိုဘိုင်းဗားရှင်းထုတ်လာခဲ့တာကြောင့် နာမည်ကျော် ဂိမ်းကုမ္ပဏီကြီးတွေဟာ မိုဘိုင်းကို ပိုပြီးအာရုံစိုက်လာကြပါပြီ။ အခုအပတ်အတွင်း အသစ်ထွက်လာတဲ့ Android App တွေထဲက ကောင်းနိုးရာရာတွေကို ဖော်ပြပေးပါရစေ။

၁. Walk Master

Walk Master ကတော့ ရိုးရှင်းတဲ့ ထိန်းချုပ်ပုံနဲ့ အဆင့်လိုက် ခက်ခဲသွားတဲ့ Gameplay ကိုနှစ်သက်သူတွေအတွက် ဖြစ်ပါတယ်။ အရင်က QWOP နဲ့ Daddy Long Legs တို့လို ဂိမ်းတွေနဲ့တူညီတဲ့ မိုဘိုင်းဂိမ်းဖြစ်ပြီး ကစားသူက ကုလားမခြေထောက်ပေါ်က ကိုယ့်ရဲ့ကာရိုက်တာကို ဟန်ချက်ညီညီနဲ့ လိုရာပန်းတိုင်ရောက်တဲ့ထိ ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ ပြောတာကလွယ်ပေမယ့် အနိုင်ရဖို့က ခက်တာကို မြင်ရမှာပါ။ ဒီဂိမ်းထဲမှာ ကစားနိုင်တဲ့ ဇာတ်ကောင် ၂၆ ယောက်ထိရှိပြီး Leevel တွေကလည်း အများကြီးပါ။

၂. John GBAC and John NESS

မိုဘိုင်းဂိမ်းတွေဟာ ခရီးဆောင်ကွန်ပြူတာတစ်ပိုင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ ငယ်စဉ်က ဂိမ်းစက်တွေမှာ ဆော့ခဲ့ကြတဲ့ ဂိမ်းတွေကို ဖုန်းထဲမှာ Emulator တွေနဲ့ အလွယ်တကူပြန်ဆော့ကြပါတယ်။ အခု John GBAC နဲ့ John NESS တို့ဟာ အသစ်ထွက် Emulator တွေဖြစ်ပြီး John GBAC က Nintendo ရဲ့နာမည်ကျော်လက်ကိုင်ဂိမ်းစက် Game Boy Advance နဲ့ Game Boy Color နှစ်မျိုးလုံးအတွက် တစ်ခုတည်းမှာ ဆော့ကစားနိုင်မှာဖြစ်သလို John NESS ကတော့ SNES (ငယ်စဉ်က နင်တန်းဒိုးလို့ ခေါ်ခဲ့ကြတဲ့ ဂိမ်းစက်) နဲ့ NES (Family ဂိမ်း) အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ခုထဲနဲ့ ပလက်ဖောင်းလေးခုစာ ငယ်ဘဝအမှတ်တရဂိမ်းတွေကို ဆော့ကစားနိုင်မှာပါ။

အခမဲ့ရတဲ့ Android Emulator တွေထဲမှာ Feature ပြည့်ပြည့်စုံစုံနဲ့ ကောင်းမွန်တဲ့ Emu တွေကရှားပါတယ်။ ဒီ John Emulator တွေမှာတော့ Save/Load စနစ်ရော၊ Cheat Code Support လုပ်တာရော၊ Controller နဲ့ပါ ချိတ်ဆက်နိုင်ရုံမက Cloud Storage Support ပါ ပါဝင်လို့ တော်တော်လေး ဘက်စုံရတယ်လို့ ဆိုနိုင်တဲ့ Emu အသစ်ဖြစ်ပါတယ်။

၃. League of Wonderland

League Of Wonderland ဟာ တစ်ခါကတော့ Nintendo, Sony တို့နဲ့အပြိုင်ကြဲခဲ့တဲ့ ဂိမ်းကုမ္ပဏီကြီး SEGA မှ ထုတ်လုပ်ထားတဲ့ လက်ရာသစ်ဖြစ်ပါတယ်။ သူကတော့ Card-Dueling ဂိမ်းတစ်ခုပါ။ ကစားသူတွေက Card ရှစ်ခုပါတဲ့ Deck တစ်ခုကို ဖန်တီးပြီး အခြားကစားသူတွေနဲ့ အွန်လိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကစားပွဲတွေက အခြားကတ်ဂိမ်းတွေလိုမဟုတ်ဘဲ အံ့သြစရာကောင်းအောင် မြန်ဆန်ပြီး နှစ်မိနစ်ခန့်သာ ကြာမှာပါ။ ဒါ့အပြင် ကိုယ်အနိုင်ရအောင် ရွေးချယ်စရာ ကစားပုံနဲ့ ကတ်အမျိုးအစားတွေကလည်း များပြားလှပါတယ်။ မိုဘိုင်းဂိမ်း အနည်းစုမှာသာ ပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ အခြားသူတွေရဲ့ပွဲကို ဝင်ကြည့်နိုင်တဲ့ Viewer Mode လည်း ပါဝင်ပြန်တယ်။ ဒီဂိမ်းဟာ Free-to-play ဖြစ်ပေမယ့် ထုံးစံအတိုင်း ကတ်တွေကို ဝယ်ယူရတဲ့ In-game purchase တော့ ပါဦးမှာပါ။

၄. Call of Duty: Mobile

နောက်ဆုံးနဲ့ ဒီအပတ်အတွက် အထင်ရှားဆုံးကတော့ Call of Duty: Mobile ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဆယ်စုနှစ်နဲ့ချီပြီး အခြားဂိမ်းပလက်ဖောင်းမျိုးစုံမှာ လျှမ်းလျှမ်းတောက်အောင်မြင်ထားတဲ့ Shooter ဂိမ်းစီးရီးကြီးပါ။ ဒါ့အပြင် Activision က ဒီဂိမ်းကို PUBG ရဲ့ပိုင်ရှင် Tencent နဲ့ပူးပေါင်းပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့အားသာချက်ကတော့ သူ့ဂိမ်းစီးရီးထဲက ဇာတ်ကောင်တွေ၊ လက်နက်နဲ့ မြေပုံတွေကို ယူသုံးစွဲထားတာ၊ မာလ်တီပလေယာ ကစားဖို့ ဂိမ်း Mode ပေါင်းများစွာ ပါဝင်တာ စသဖြင့် ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းကာရိုက်တာတွေနဲ့ Skin တွေကို ကံစမ်းမဲနှိုက်ရမယ့် Gacha ပုံစံလည်း ပါဝင်မှာဖြစ်ပေမယ့် အခမဲ့ ကစားနိုင်ပါတယ်။ ဖွင့်ဖွင့်ချင်းမှာ သန်းနဲ့ချီတဲ့ ကစားသမားတွေ တပြိုင်နက်ဝင်ရောက်ခဲ့တဲ့အတွက် ပြဿနာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

Ref – Android Authority