ဓာတ်ပုံလေး တစ်ပုံ၊ ဗီဒီယိုလေး တစ်ခု၊ Gif ဖိုင်လေး တစ်ဖိုင်၊ Tweet စာကြောင်းလေး တစ်ကြောင်းကို မီလီယံချီပြီး တန်ဖိုးရှိအောင် လုပ်ပေးနိုင်တဲ့အရာကတော့ NFT ပဲ ဖြစ်ပါတယ်။ တချိူ့ဆိုရင် NFT ကနေ ဝင်ငွေအမြောက်အများ ရရှိပြီး နေ့ချင်း၊ ညချင်း သန်းကြွယ်သူဌေးတွေ ဖြစ်ကုန်ကြပါပြီ။ ဒါ့ကြောင့်လည်း လူတွေဟာ NFT ဆိုတာ ဘာလဲ၊ ဘယ်လိုမျိူးလဲ ဆိုတာ စိတ်ဝင်စားလာကြပြီး အခု ၂၀၂၁ခုနှစ်အတွင်းမှာဆိုရင် NFT တွေဟာ အရမ်းကို ရေပန်းစားနေပြီ ဖြစ်ပါတယ်။

NFT ဆိုတာ ဘာလဲ မသိသေးဘူးဆိုရင် ကျွန်တော် ရေးထားတဲ့ NFT အကြောင်း အပိုင်း ၁ ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ NFT အသုံးအနှုန်းတွေကို ကျွန်တော် နားလည်တတ်ကျွမ်းသလောက် ပြန်လည် မျှဝေပေးသွားမှာပါ။

သိထားသင့်တဲ့ NFT အသုံးအနှုန်းများ

၁ – Airdrop

တကယ်တော့ Airdrop ဆိုတာ Crypto နဲ့ NFT လောကရဲ့ မာကတ်တင်းနည်းဗျူဟာအသစ်ပါ။ NFT Project အသစ်ပဲဖြစ်ဖြစ်၊ Cryptocurrency အသစ်ပဲဖြစ်ဖြစ် စတင်မိတ်ဆက်ကြတဲ့အခါမှာ Airdrop တွေ ချပေးလေ့ရှိပါတယ်။ ကျွန်တော်တို့က အဲ့ဒီလိုမျိူး Airdrop တွေကို လိုက်ကောက်ပြီး Free ဂုန်းဆင်းလို့ ရပါတယ်။ ဆိုလိုတာက Airdrop တစ်ခုကို လက်ခံရရှိပြီဆိုရင် မိမိရဲ့ Wallet ထဲမှာ NFT ဒါမှမဟုတ် Cryptocurrency တချိူ့ကို Free ရမှာပါ။ Airdrop ကောက်ဖို့အတွက် များသောအားဖြင့် သူတို့ရဲ့ Channel တွေကို Join တာ၊ Follow လုပ်ပေးရတာမျိူးတော့ ရှိပါတယ်။

၂ – Digital Wallet

အပြင်မှာ ပိုက်ဆံတွေ၊ မှတ်ပုံတင်တွေ၊ ဘဏ်ကဒ်တွေ၊ လိုင်စင်ကဒ်တွေ တနေရာတည်းမှာ အလွယ်တကူ သိမ်းထားနိုင်ဖို့ ပိုက်ဆံအိတ် လိုအပ်သလို Crypto နဲ့ NFT လောကမှာလည်း Digital Wallet လိုအပ်ပါတယ်။ အဲ့ဒီ Wallet ရှိမှပဲ ကျွန်တော်တို့ဟာ ကိုယ်ပိုင်တဲ့ NFT တွေ၊ Crypto တွေကို သိမ်းထားနိုင်မယ်၊ လက်ခံနိုင်မယ်၊ လွှဲပြောင်းပေးနိုင်ပါလိမ့်မယ်။ (Crypto နဲ့ ခုမှ စတင်ထိတွေ့မယ့် သူတွေအတွက်တော့ Coinbase Wallet က သင့်တော်ကြောင်း နည်းပညာမီဒီယာကြီးဖြစ်တဲ့ Cnet က ညွှန်းဆိုထားပါတယ်။)

၃ – Burn

Burn ရဲ့ အသုံးအနှုန်းကတော့ ရိုးရှင်းပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်လိုပဲ မီးရှို့ ဖျက်စီးစေတာပါ။ NFT တစ်ခုကို Burn လုပ်ခြင်းဟာ အဲ့ဒီ NFT ကို ရာသက်ပန် ဖျက်စီးပစ်လိုက်တာနဲ့ အတူတူပါပဲ။

၄ – Floor

“Floor” ဒါမှမဟုတ် “Floor Price” ဆိုတာက NFT Project တစ်ခုကနေ Secondary Market ပေါ်ရောက်လာတဲ့ NFT တစ်ခုရဲ့ အနိမ့်ဆုံးစျေး (ကြမ်းခင်းစျေး) ကို ပြောတာပါ။

၅ – FUD

FUD ဆိုတာ Fear (ကြောက်ရွံ့ခြင်း) , Uncertainty (မသေချာမရေရာခြင်း) , Doubt (သံသယဝင်ခြင်း) တို့ရဲ့ အတိုကောက်ပါ။ ဒီအသုံးအနှုန်းကို Crypto နဲ့ NFT လောကမှာ လုံးဝမှားယွင်းနေပြီး အပျက်သဘောဆောင်တဲ့ သတင်းတွေ၊ ပုံပြင်တွေ၊ တွစ်တွေနဲ့ Discord Message တွေ စတာတွေကို ဖော်ပြရာမှာ သုံးနှုန်းကြပါတယ်။ Cryptocurrency ဒါမှမဟုတ် NFT တွေ စျေးနှုန်းထိုးကျသွားရတဲ့ နောက်ကွယ်က အကြောင်းအရင်းအဖြစ် FUD ကို ညွှန်ပြလေ့ ရှိကြပါတယ်။

၆ – Gas

Blockchain ပေါ်မှာ Transaction တစ်ခုပြုလုပ်တဲ့အခါ ပေးရတဲ့ စျေးနှုန်းကို “Gas” လို့ ခေါ်ပါတယ်။ Solana မှာ Gas Fee က စျေးမကြီးပေမယ့် Ethereum မှာတော့ Network ပေါ်က ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး Gas Fee က စျေးကြီးပါတယ်။

၇ – Gas War

ရေပန်းစားတဲ့ NFT Collection တွေ မိတ်ဆက်တဲ့အခါမှာ Gas War တွေ ဖြစ်တတ်ပါတယ်။ ဥပမာ – လူ ၁ သိန်းလောက်က NFT အခုရေ ၁၀,၀၀၀ ကို ဝယ်ဖို့ အပြိုင်ကြိုးစားနေတဲ့အချိန်မှာ တခြားသူတွေကို ကျော်ပြီး ကိုယ့်ရဲ့ Transaction ပြီးဖို့အတွက် Gas Fee ပိုပေးရတာမျိူးတွေ ရှိပါတယ်။ ကိုယ်လိုပဲ Gas Fee ပိုပေးတဲ့သူတွေ များလာတဲ့အခါမှာ Gas War တွေ ဖြစ်လာပါတော့တယ်။

၈ – Mint / Minting

NFT ဖန်တီးတဲ့ Platform ဒါမှမဟုတ် Website ကနေ Wallet တစ်ခုခုနဲ့ ချိတ်ပြီး တိုက်ရိုက်ဝယ်တာကို Minting လုပ်တယ်လို့ ခေါ်ပါတယ်။

၉ – MM

MM ဆိုတာကတော့ MetaMask ရဲ့ အတိုကောက်ဖြစ်ပြီး MetaMask ကတော့ Ethereum Ecosystem မှာ ရေပန်းအစားဆုံး NFT Wallet တစ်ခုပဲ ဖြစ်ပါတယ်။ MetaMask Wallet ကို ဒီမှာ Download လုပ်နိုင်ပါတယ်။

၁၀ – OS

OS ဆိုတာ NFT လောကမှာတော့ Operating System မဟုတ်သလို Online Shop ရဲ့ အတိုကောက်လည်း မဟုတ်ပါဘူး။ Ethereum မှာ နာမည်ကြီး NFT Marketplace ဖြစ်တဲ့ OpenSea ရဲ့ အတိုကောက်ပါ။

အပိုင်း ( ၃ ) ဆက်ရန် ရှိသေးပါတယ်။ စိတ်ဝင်စားပါက စောင့်မျှော်ဖတ်ရှ့နိုင်ပါတယ်ခင်ဗျ။

မေတ္တာရပ်ခံချက် – စာရေးသူသည် NFT အကြောင်းအား လေ့လာနေဆဲ ဝါသနာရှင်တစ်ဦးသာဖြစ်ပြီး ကျွမ်းကျင်အဆင့် မဟုတ်သေးတာကြောင့် ဒီဆောင်းပါးနှင့် ပတ်သက်ပြီး လိုအပ်ချက်များ၊ အမှားအယွင်းများ ပါခဲ့သည်ရှိသော် ဝေဖန်ထောက်ပြပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။

Ref : Datadriveninvestor