Vivo က နောက်ကြေညာမယ့် Vivo Pad တက်ဘလက်ရဲ့ တရားဝင် ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး အသုံးပြုလို့ရမယ့် နည်းလမ်းတွေကိုပါ ဖော်ပြထားပါတယ်။ အဲဒီ တက်ဘလက် ဒီဇိုင်းဟာ အရင်က ပေါက်ကြားခဲ့ဖူးပေမယ့် အခုမှသာ ပထမဆုံး အနေနဲ့ တရားဝင် ဓါတ်ပုံတွေကို မြင်တွေ့ကြရတာပါ။

Official Vivo Pad images arrive confirming the tablet's design and accessories - NotebookCheck.net News

Vivo Pad ဒီဇိုင်းဟာ Xiaomi Pad 5 , iPad Pro 11 နဲ့ ဆင်တူပြီး မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာကာ၊ ထောင့်စွန်းတွေက လုံးဝန်းသလို Physical ခလုတ်တွေ နည်းပါးပါတယ်။ ဒါ့အပြင် တက်ဘလက်ဟာ Vivo စမတ်ဖုန်းတွေထက် ပါးလွှာပြီး ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ကီးဘုတ်နဲ့ ချိတ်ဆက်ဖို့အတွက် Connector ၃ ခု တပ်ဆင်ထားပြီး Dolby Atmos စပီကာတွေ ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါလာတာကို မြင်ရပါတယ်။

vivo Pad real-life images officially posted, show a clean, minimal design

Vivo က ကီးဘုတ်နဲ့ တွဲဖက် အသုံးပြုနေတဲ့ ဓါတ်ပုံကိုပါ မျှဝေထားပြီး Kickstand လည်း ပါတဲ့အတွက် တက်ဘလက်ကို လက်ပ်တော့လို အသုံးပြုနိုင်တယ်လို့ Vivo က ပြောပါတယ်။ ကီးဘုတ်ရဲ့ ခလုတ်တွေက တော်တော်ကြီးမားနေတာကို မြင်ရပြီး Row ၅ ခု ပါပါတယ်။ Vivo က Trackpad ကို ထည့်သွင်းပေးထားပြီး Backlit ခလုတ်တွေလားဆိုတာ မသိရသေးပါဘူး။

Official Vivo Pad images arrive confirming the tablet's design and accessories - NotebookCheck.net News

Vivo Pad မှာ Snapdragon 870 Chipset , 120Hz Refresh Rate နဲ့ 8,040mAh ဘက်ထရီ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Android ကို Customize လုပ်ထားတဲ့ Version ဖြစ်တဲ့ Ocean OS မောင်းနှင်ထားနိုင်ပြီး Vivo က တရုတ် ပြင်ပမှာ ရောင်းမလားဆိုတာ မပြောသေးပါဘူး။

 

Ref : notebookcheck