Zawgyi
Ref – GSM Arena
Unicode
ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်အတွက် ပြောင်းလဲမှုကြီးတစ်ခုဖြစ်တဲ့ 5G ဆက်သွယ်မှုကို အခုနှစ်မှာ ပထမဆုံးစတင်မိတ်ဆက်လာခဲ့ပြီး လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ 5G ရဲ့တိုးချဲ့လာမှုကို မြင်တွေ့ရတော့မှာပါ။
လက်ရှိအချိန်မှာ 5G အသုံးပြုနိုင်မယ့် ဟန်းဆက်တွေက နည်းပါးနေသေးပြီး အကုန်လုံးရဲ့ ဈေးနှုန်းကလည်း Premium အဆင့်တွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm က ဒီပြဿနာကို လျှော့ချပေးဖို့ ကြိုးစားလာပြီး သူတို့ရဲ့ ဈေးပိုချိုသာတဲ့ Snapdragon 6 & 7 စီးရီးထဲမှာ 5G Modem ပါဝင်တဲ့ ချစ်ပ်ဆက်တွေကို မိတ်ဆက်ပေးလာမှာဖြစ်ပါတယ်။
Qualcomm ရဲ့နာမည်ကျော် Snapdragon 8 စီးရီးကတော့ အခုချိန်မှာ 5G ဟန်းဆက်တွေရဲ့ ပထမဆုံး လှိုင်းလုံးကို အားဖြည့်ပေးနေပါပြီ။ လာမယ့်နှစ်မှာလည်း Flagship တွေအတွက် အလားတူပြုလုပ်ပေးသွားမှာ ဖြစ်ပမေယ့် 5G ကွန်ရက် တကယ်ကျယ်ပြန့်လာတဲ့အခါကျ ဈေးပိုချိုသာတဲ့ ဟန်းဆက်တွေကိုလည်း လိုအပ်မှု မြင့်မားလာမှာပါ။
စမတ်ဖုန်းဈေးကွက်ရဲ့ ဦးဆောင်ကုမ္ပဏီတွေဖြစ်တဲ့ Oppo, Realme, Redmi, Vivo, Motorola, HMD နဲ့ LG တို့ဟာ Qualcomm ရဲ့ 5G နဲ့ Snapdragon 7 စီးရီး ချစ်ပ်ဆက်တွေကို သူတို့ရဲ့ Midrange ထုတ်ကုန်တွေမှာ အသုံးပြုထုတ်လုပ်သွားဖို့ အတည်ပြုပြီးသားပါ။
ဒီချစ်ပ်ဆက်အသစ်တွေဟာ 7nm Process နဲ့ပဲထုတ်လုပ်ထားပြီး ၂၀၁၉ နောက်ဆုံးသုံးလပတ်ကို အစောဆုံးထားပြီး ဈေးကွက်ထဲ ဝင်လာမှာပါ။ Snapdragon 6 စီးရီးကလည်း ပိုပြီးဈေးချိုသာတဲ့ စမတ်ဖုန်းတွေဆီကို ၂၀၂၀ ဒုတိယနှစ်ဝက်လောက်မှာ 5G စွမ်းအားပြည့်နဲ့ ဝင်ရောက်လာပေးမှာ ဖြစ်ပါတယ်။
Ref – GSM Arena