Xiaomi က ထုတ်ကုန် အသစ်တွေကို အောက်တိုဘာလ ၄ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Xiaomi 12T , 12T Pro တို့နဲ့ Redmi ရဲ့ ပထမဆုံး တက်ဘလက်တွေ ဖြစ်ပါတယ်။ အခုတော့ Redmi Pad ရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံ ပေါက်ကြားလာပါတယ်။

Redmi Pad tablet

Redmi Pad မှာ ၁၀.၆၁ လက်မ LCD 2000x1200p မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 400 nits Brightness ပါလာမှာ ဖြစ်ပြီး 1500:1 Contrast Ratio နဲ့ 10-bit Color တွေ ထောက်ပံ့ထားမှာပါ။

Xiaomi Accidentally Leaks Unannounced Redmi Pad - Lowyat.NET

Redmi Pad မှာ Helio G99 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB/4GB RAM နဲ့ 64GB/128GB UFS 2.2 Storage ထည့်သွင်းထားမှာပါ။ 22.5W Fast Charging ထောက်ပံ့တဲ့ 8,000mAh ဘက်ထရီ ပါလာမှာပါ။

အနောက်ဘက်မှာ Autofocus ပါတဲ့ 8MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 105 Degree FOV ပါတဲ့ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ Frame ၁ ခုထဲမှာ လူများများ ပါဝင်လို့ရတဲ့ Wider Field of View ကို ပံ့ပိုးပေးတဲ့ FocusFrame လုပ်ဆောင်ချက် ပါလာမှာပါ။

Android 12 အခြေပြု MIUI တက်ဘလက် Version နဲ့ Dolby Atmos အသိအမှတ်ပြု စပီကာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အထူက ၇ မီလီမီတာနဲ့ အလေးချိန်က ၄၄၅ ဂရမ် ရှိမှာပါ။ ယူရို ၂၅၀ နဲ့ ရောင်းချနိုင်ပြီး Graphite Gray, Moonlight Silver နဲ့ Mint Green အရောင်တွေ ထုတ်လုပ်ထားမှာပါ။ ကုမ္ပဏီက 5G Version ကို ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina