Zawgyi

Samsung ရဲ႕ ပထမဆံုး မ်က္ႏွာျပင္ေခါက္ေကြးဖုန္းျဖစ္တဲ့ Galaxy F ရဲ႕ အေသးစိတ္အခ်က္အလက္ေတြဟာ မၾကာခင္ ရက္ပိုင္းအတြင္းမွာ ေပၚထြက္လာေတာ့မွာပါ။ အခုေခတ္ စမတ္ဖုန္းေလာကဟာ လူအမ်ားသိၾကတဲ့ အတိုင္းပဲ ဖုန္းအသစ္တစ္လံုးထြက္ေတာ့မယ္ဆိုရင္ အခ်က္အလက္ေတြက ဘယ္လိုမွ ဖုန္းကြယ္ထားလို႔မရပဲ တစ္ေနရာ မဟုတ္ တစ္ေနရာက ေပၚထြက္လာေနတာပါပဲ။ အဲ့လိုပဲ အခုထြက္မယ့္ Galaxy F ရဲ႕ တစ္ခ်ိဳ႕အခ်က္အလက္ေတြဟာလည္း အြန္လိုင္းမွာ ေပါက္ၾကားလို႔ ေနပါျပီ။

အခုေပါက္ၾကားလာခဲ့တဲ့ သတင္းအခ်က္အလက္သစ္ဟာဆိုရင္ SamMobile ဝဘ္ဆိုဒ္က လူတစ္ေယာက္ဆီက ေပါက္ၾကားလာခဲ့တာျဖစ္ပါတယ္။ အဆိုပါ အခ်က္အလက္အရ Samsung ရဲ႕ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကို စိတ္ဝင္စားတဲ့သူေတြဟာဆိုရင္ ေငြေရာင္ ဗားရွင္းဝယ္ယူႏိုင္မယ္လို႔သိရပါတယ္။ ဖုန္းကိုယ္ထည္တစ္ခုလံုးကို ေငြေရာင္ခ်ယ္သထားမွာျဖစ္ပါတယ္။

ထင္ထားတဲ့အတိုင္းပဲ Galaxy F မွာ Qualcomm ရဲ႕ ေနာက္ဆံုးထြက္လာမယ့္ Flagship မိုဘိုင္း ပရိုဆက္ဆာျဖစ္တဲ့ Snapdragon 8510 ကိုတပ္ဆင္ေမာင္းႏွင္ေပးထားမွာပါ။ အေပၚမွာ ေျပာထားတဲ့အတိုင္းပဲ SamMobile ကေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရ Galaxy F ရဲ႕ အေရာင္အျပင္ သူ႔ရဲ႕ Internal Storage ပမာဏကိုပါ သိလိုက္ရပါတယ္။ Galaxy F မွာဆိုရင္ အလြန္မ်ားျပားတဲ့ Internal Storage ပမာဏ ျဖစ္တဲ့ 512GB ကို အသံုးျပဳေပးထားပါတယ္။ အဲ့အျပင္ Micro SD အေထာက္အပ့ံလည္းပါဝင္ျပီး Samsung ကေန 500GB SD Card ကို ထုတ္လုပ္ေပးထားတဲ့ အတြက္ အဆိုပါ Galaxy F မွာသာ 500GB SD Card ထပ္ စိုက္လိုက္မယ္ဆိုရင္ 1T ပမာဏထိ တိုးသြားမွာပါ။

တစ္ျခား အခ်က္အလက္ေတြကေတာ့ Galaxy F မွာ 8GB RAM အျပင္ 10GB RAM ေမာ္ဒယ္ ပါ မိတ္ဆက္မယ္လို႔ သိရပါတယ္။ Galaxy S10 မွာ လည္း 10GB RAM တပ္ဆင္ေပးမယ္လို႔ သတင္းထြက္ေနတဲ့ အတြက္ Galaxy F မွာ 10GB RAM ပါလာမွာက ေသခ်ာသေလာက္ရွိေနပါျပီ။ ဘက္ထရီ ပမာဏကေတာ့ 3,000mAh ကေန 6,000mAh ထိ ထည့္ေပးႏိုင္ပါတယ္။ Samsung ကေန ေနာက္ႏွစ္မွာပဲ အဆိုပါ Galaxy F လို႔ေခၚတဲ့ မ်က္ႏွာျပင္ ေခါက္ေကြးဖုန္းရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို ေၾကညာေတာ့မွာပါ။ ဒါေပမယ့္လည္း သူ႔မွာ သံုးထားမယ့္ Qualcomm ရဲ႕ Snapdragon 8510 ဟာ 2019 မတိုင္ခင္ ျဖန္႔ခ်ီမွာ မဟုတ္ေသးတဲ့အတြက္ Galaxy F ကို ဒီႏွစ္အတြင္းမွာ ေတြ႔ရဖို႔က မျဖစ္ႏုိင္ေသးပါဘူး။ Samsung ဟာ LG နဲ႔ Huawei တို႔လိုပဲ မ်က္ႏွာျပင္ ေခါက္ေကြး စမတ္ဖုန္းေစ်းကြက္ ကို ေျမစမ္းခရမ္းပ်ိဳးေနပါျပီ။ ဒါေပမယ့္လည္း မ်က္ႏွာျပင္ေခါက္ေကြးဖုန္းဆိုတာေတြကို သံုးစြဲသူေတြက ႏွစ္သက္ၾကမလား အသံုးမဝင္တဲ့ Device တစ္ခုလို႔ပဲ ျမင္ၾကမလား ဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Gizmo China

Unicode

Samsung ရဲ့ ပထမဆုံး မျက်နှာပြင်ခေါက်ကွေးဖုန်းဖြစ်တဲ့ Galaxy F ရဲ့ အသေးစိတ်အချက်အလက်တွေဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ပေါ်ထွက်လာတော့မှာပါ။ အခုခေတ် စမတ်ဖုန်းလောကဟာ လူအများသိကြတဲ့ အတိုင်းပဲ ဖုန်းအသစ်တစ်လုံးထွက်တော့မယ်ဆိုရင် အချက်အလက်တွေက ဘယ်လိုမှ ဖုန်းကွယ်ထားလို့မရပဲ တစ်နေရာ မဟုတ် တစ်နေရာက ပေါ်ထွက်လာနေတာပါပဲ။ အဲ့လိုပဲ အခုထွက်မယ့် Galaxy F ရဲ့ တစ်ချို့အချက်အလက်တွေဟာလည်း အွန်လိုင်းမှာ ပေါက်ကြားလို့ နေပါပြီ။

အခုပေါက်ကြားလာခဲ့တဲ့ သတင်းအချက်အလက်သစ်ဟာဆိုရင် SamMobile ဝဘ်ဆိုဒ်က လူတစ်ယောက်ဆီက ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ အချက်အလက်အရ Samsung ရဲ့ မျက်နှာပြင်ခေါက်ကွေးဖုန်းကို စိတ်ဝင်စားတဲ့သူတွေဟာဆိုရင် ငွေရောင် ဗားရှင်းဝယ်ယူနိုင်မယ်လို့သိရပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို ငွေရောင်ချယ်သထားမှာဖြစ်ပါတယ်။

ထင်ထားတဲ့အတိုင်းပဲ Galaxy F မှာ Qualcomm ရဲ့ နောက်ဆုံးထွက်လာမယ့် Flagship မိုဘိုင်း ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 8510 ကိုတပ်ဆင်မောင်းနှင်ပေးထားမှာပါ။ အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ SamMobile ကပေါက်ကြားလာတဲ့ အချက်အလက်တွေအရ Galaxy F ရဲ့ အရောင်အပြင် သူ့ရဲ့ Internal Storage ပမာဏကိုပါ သိလိုက်ရပါတယ်။ Galaxy F မှာဆိုရင် အလွန်များပြားတဲ့ Internal Storage ပမာဏ ဖြစ်တဲ့ 512GB ကို အသုံးပြုပေးထားပါတယ်။ အဲ့အပြင် Micro SD အထောက်အပံ့လည်းပါဝင်ပြီး Samsung ကနေ 500GB SD Card ကို ထုတ်လုပ်ပေးထားတဲ့ အတွက် အဆိုပါ Galaxy F မှာသာ 500GB SD Card ထပ် စိုက်လိုက်မယ်ဆိုရင် 1T ပမာဏထိ တိုးသွားမှာပါ။

တစ်ခြား အချက်အလက်တွေကတော့ Galaxy F မှာ 8GB RAM အပြင် 10GB RAM မော်ဒယ် ပါ မိတ်ဆက်မယ်လို့ သိရပါတယ်။ Galaxy S10 မှာ လည်း 10GB RAM တပ်ဆင်ပေးမယ်လို့ သတင်းထွက်နေတဲ့ အတွက် Galaxy F မှာ 10GB RAM ပါလာမှာက သေချာသလောက်ရှိနေပါပြီ။ ဘက်ထရီ ပမာဏကတော့ 3,000mAh ကနေ 6,000mAh ထိ ထည့်ပေးနိုင်ပါတယ်။ Samsung ကနေ နောက်နှစ်မှာပဲ အဆိုပါ Galaxy F လို့ခေါ်တဲ့ မျက်နှာြပင် ခေါက်ကွေးဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကို ကြေညာတော့မှာပါ။ ဒါပေမယ့်လည်း သူ့မှာ သုံးထားမယ့် Qualcomm ရဲ့ Snapdragon 8510 ဟာ 2019 မတိုင်ခင် ဖြန့်ချီမှာ မဟုတ်သေးတဲ့အတွက် Galaxy F ကို ဒီနှစ်အတွင်းမှာ တွေ့ရဖို့က မဖြစ်နိုင်သေးပါဘူး။ Samsung ဟာ LG နဲ့ Huawei တို့လိုပဲ မျက်နှာပြင် ခေါက်ကွေး စမတ်ဖုန်းဈေးကွက် ကို မြေစမ်းခရမ်းပျိုးနေပါပြီ။ ဒါပေမယ့်လည်း မျက်နှာပြင်ခေါက်ကွေးဖုန်းဆိုတာတွေကို သုံးစွဲသူတွေက နှစ်သက်ကြမလား အသုံးမဝင်တဲ့ Device တစ်ခုလို့ပဲ မြင်ကြမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

Ref: Gizmo China