Zawgyi

Samsung ကေန လာမယ့္ ၾသဂုတ္လမွာ Snapdragon 855 Processor ၊ S Pen ေတြပါဝင္တဲ့ High-end Tablet တစ္ခုျဖစ္လာမယ့္ Samsung Galaxy Tab S5 ကို မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Galaxy Tab S5 က Samsung ကေန မိတ္ဆက္သြားမယ့္ တစ္ခုထဲေသာ Tablet မဟုတ္ပါဘူး။

ဘာေၾကာင့္လည္းဆုိရင္ လက္ရွိေစ်းကြက္ထဲမွာ S Pen ပါတဲ့ Galaxy Tab A Plus အျပင္ ေနာက္ထပ္ စြမ္းေဆာင္ရည္ပိုေကာင္းျပီး S Pen မပါေတာ့တဲ့ Galaxy Tab A (2019) Version အသစ္ကိုပါ မၾကာခင္အခ်ိန္အတြင္းမွာ မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။ ဒီ Galaxy Tab A (2019) ဒီႏွစ္အတြက္ Samsung ရဲ႕ ေဒၚလာ ၂၀၀ ဝန္းက်င္ပဲ က်သင့္မယ့္ Budget Tablet အသစ္ျဖစ္လာႏုိင္ပါတယ္။

ဒီ Galaxy Tab A (2019) Tablet ဟာဆုိရင္ လက္ရွိေစ်းကြက္ထဲမွာ ေရာင္းခ်ေနတဲ့ Galaxy Tab A Plus လုိမ်ိဳးပဲ 8″ Display ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Design ပိုင္းအရလည္း အရမ္းၾကီး ကြာျခားလာမွာမဟုတ္ဘူးလုိ႔ ယူဆရပါတယ္။ အဓိကကြာသြားမွာကေတာ့ Galaxy Tab A Plus လုိမ်ိဳးေတာ့ S Pen ပါဝင္မွာမဟုတ္ေတာ့ပါဘူး။

ဒါေပမယ့္ Specification ေတြအရေတာ့ Qualcomm ရဲ႕ Snapdragon 429 Processor ကို အသံုးျပဳထားတဲ့အတြက္ Galaxy Tab A Plus မွာပါဝင္တဲ့ Exynos Processor နဲ႔ Budget MediaTek Processor ေတြထက္ေတာ့ ပိုျပီး စြမ္းေဆာင္ရည္ေကာင္းမြန္လာမွာျဖစ္ပါတယ္။ RAM အေနနဲ႔ 2GB ပါဝင္လာမွာျဖစ္ျပီး Storage အေနနဲ႔ 32GB ပါဝင္မယ္လုိ႔ သိရပါတယ္။ ထံုးစံအတိုင္း MicroSD Card Slot ကေတာ့ ပါေနဦးမွာပါ။

အခု Galaxy Tablet A (2019) မွာ LTE ကိုပါ အသံုးျပဳႏုိင္မွာျဖစ္ျပီးေတာ့ ဖုန္းေျပာတာပဲျဖစ္ျဖစ္၊ Internet သံုးတာပဲျဖစ္ျဖစ္ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ အခု Samsung Galaxy Tab A (2019) ကို လာမယ့္ စက္တင္ဘာလမတုိင္ခင္မွာ စတင္ေရာင္းခ်လာႏုိင္ျပီးေတာ့ ျမန္မာႏုိင္ငံေစ်းကြက္ထဲကိုလည္း ဝင္ေရာက္လာႏိုင္ဖြယ္ရွိေနပါတယ္။

Ref – Phone Arena

Unicode

Samsung ကနေ လာမယ့် သြဂုတ်လမှာ Snapdragon 855 Processor ၊ S Pen တွေပါဝင်တဲ့ High-end Tablet တစ်ခုဖြစ်လာမယ့် Samsung Galaxy Tab S5 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Galaxy Tab S5 က Samsung ကနေ မိတ်ဆက်သွားမယ့် တစ်ခုထဲသော Tablet မဟုတ်ပါဘူး။

ဘာကြောင့်လည်းဆိုရင် လက်ရှိဈေးကွက်ထဲမှာ S Pen ပါတဲ့ Galaxy Tab A Plus အပြင် နောက်ထပ် စွမ်းဆောင်ရည်ပိုကောင်းပြီး S Pen မပါတော့တဲ့ Galaxy Tab A (2019) Version အသစ်ကိုပါ မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒီ Galaxy Tab A (2019) ဒီနှစ်အတွက် Samsung ရဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲ ကျသင့်မယ့် Budget Tablet အသစ်ဖြစ်လာနိုင်ပါတယ်။

ဒီ Galaxy Tab A (2019) Tablet ဟာဆိုရင် လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Galaxy Tab A Plus လိုမျိုးပဲ 8″ Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Design ပိုင်းအရလည်း အရမ်းကြီး ကွာခြားလာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ အဓိကကွာသွားမှာကတော့ Galaxy Tab A Plus လိုမျိုးတော့ S Pen ပါဝင်မှာမဟုတ်တော့ပါဘူး။

ဒါပေမယ့် Specification တွေအရတော့ Qualcomm ရဲ့ Snapdragon 429 Processor ကို အသုံးပြုထားတဲ့အတွက် Galaxy Tab A Plus မှာပါဝင်တဲ့ Exynos Processor နဲ့ Budget MediaTek Processor တွေထက်တော့ ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ RAM အနေနဲ့ 2GB ပါဝင်လာမှာဖြစ်ပြီး Storage အနေနဲ့ 32GB ပါဝင်မယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း MicroSD Card Slot ကတော့ ပါနေဦးမှာပါ။

အခု Galaxy Tablet A (2019) မှာ LTE ကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ ဖုန်းပြောတာပဲဖြစ်ဖြစ်၊ Internet သုံးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခု Samsung Galaxy Tab A (2019) ကို လာမယ့် စက်တင်ဘာလမတိုင်ခင်မှာ စတင်ရောင်းချလာနိုင်ပြီးတော့ မြန်မာနိုင်ငံဈေးကွက်ထဲကိုလည်း ဝင်ရောက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Phone Arena