ဖုန်မှုန့်တွေက ကွန်ပျုတာတွေ၊ Laptopတွေ ကြာရှည်ခံဖို့အတွက် အဓိက ရန်သူထဲမှာပါဝင်ပါတယ်။ ဘယ်လောက်ဘဲ ကွန်ပျုတာကို သန့်ရှင်းအောင် ထားထား၊ လေထုထဲမှာ ဖုန်တွေရှိတာကြောင့် အမြဲလိုလို ဖုန်တက်နေပါတယ်။

ဖုန်တက်တာတွေကြာလာရင် စခရင်တွေကြည့်လို့မကောင်းတော့မှာ မဟုတ်ပါဘူး။

စခရင်မှာရှိတဲ့ ဖုန်တွေကို သုတ်လိုက်ပါ

စခရင်မှာရှိတဲ့ဖုန်တွေကို သုတ်ဖို့အတွက် လူတော်တော်များများက တစ်ရှူးကို အသုံးပြုကြပါတယ်။ ဒါတွေက စခရင်ကို အစင်းရာတွေ ထင်တတ်ပါတယ်။ ဒါကြောင့် တစ်ရှူးတွေအစား နူးညံ့တဲ့အ၀တ် (မျက်မှန်သုတ်တဲ့ အ၀တ်မျိုး) နဲ့ သုတ်သင့်ပါတယ်။ သူတို့က စခရင်ကို အစင်းရာမထင်စေတဲ့အပြင် ဖုန်မှုန့်တွေကို ပြောင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ဖုန်တွေကို အလွယ်တကူ ဖယ်ရှားနိုင်ဖို့

တခါတလေ ဖုန်တွေက အချိန်ကြာလာတဲ့အခါမှာ စခရင်မှာ ကပ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဆိုရင် စခရင်တိုက်တဲ့ အရည်တစ်ခုခုနဲ့ တိုက်ရပါတယ်။ ကွန်ပျုတာစခရင် သန့်စင်ဖို့ ထုတ်ထားတဲ့ အရည်တစ်မျိုးရှိပါတယ်။ အကယ်၍ ၀ယ်ဖို့ ခက်ခဲနေရင်လည်း အဖြူရောင် ရှာလကာရည်ကို သုံးလို့ရပါတယ်။ အဖြူရောင် ရှာလကာရည်ကို ရေနဲ့ ဆတူ ရောလိုက်ပါ။ အ၀တ်မှာ အရမ်း မစိုစေဘဲ စွတ်ရုံလောက်ဘဲ ထားပြီး သုတ်ပေးပါ။

Alcohol, Ammonia နဲ့ Acetone ပါတဲ့ ပစ္စည်းတွေကို သုံးပြီး စခရင် သန့်ရှင်းရေး မလုပ်ပါနဲ့။ သူတို့က စခရင်ကို ပျက်စီးစေတတ်ပါတယ်။

သွားတိုက်ဆေးနဲ့ စခရင် အစင်းတွေကို ဖျောက်မယ်

Gel ပုံစံမဟုတ်ဘဲ အဖြူရောင် သွားတိုက်ဆေးတွေကို နားကျပ်တဲ့အတံနဲ့ ယူပြီး စခရင် အစင်းတွေ နေရာကို အံ့လိုက်ပါ။ နူးညံ့တဲ့ အ၀တ်စနဲ့ အစင်းရာအပေါ်မှာ သုတ်ပေးပါ။ ခဏလောက် ခြောက်အောင် ထားလိုက်ပြီး အ၀တ်ခြောက်နဲ့ ပွတ်ပေးပါ။

ဖုန်မှုန့်တွေကို ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ထုတ်လိုက်ပါ

ကွန်ပျုတာနဲ့ Laptop Keyboard ပေါ်က ဖုန်မှုတ်တွေကို ဆံပင်အခြောက်ခံစက် (Hair Dryer) နဲ့ မှုတ်ထုတ်လိုက်ပါ။

အဲ့လို မှုတ်ထုတ်နေချိန်မှာ ကိုယ့်ကွန်ပျုတာကို ပလပ်ဖြုတ်ထားပါ။ လေအေးနဲ့ဘဲ မှုတ်ထုတ်လိုက်ပါ။

ကွန်ပျုတာ System Box ကိုလည်း သန့်ရှင်းရေးလုပ်ပါ

ကွန်ပျုတာ System Box ကိုလည်း ဖွင့်ပြီး လေမှုတ်တဲ့ ကိရိယာလေးနဲ့ အထဲက ဖုန်တွေကို သန့်ရှင်းပါ။

ဖုန်စုပ်စက်ကို အရှိန်နှုန်း ဖြည်းဖြည်းလေးနဲ့ အထဲက ဖုန်တွေကို စုပ်ယူပါ။

Keyboards နဲ့ Mouse တွေကို သန့်ရှင်းရေးလုပ်ပါ

အဖြူရောင် ရှာလကာရည်နဲ့ ရေကို အချိုးတူ ရောစပ်ပြီး နူးညံ့တဲ့ အ၀တ်စလေးနဲ့ စွတ်လိုက်ပြီး သုတ်ကာ သန့်ရှင်းရေးလုပ်ပါ။

ထောပတ်သုတ်တဲ့ထားလို၊ ပေတံလိုနဲ့ အ၀တ်စကို ပတ်လိုက်ပြီး Keyboard ခလုတ်တွေကြား၊ အောက်တွေက ဖုန်မှုန့်တွေကို သုတ်လိုက်ပါ။