အွန်လိုင်းမှာ သင့်ရဲ့ လုံခြုံရေးအတွက် စိတ်ချချင်ရင်တော့ VPN က အရေးပါပါတယ်။ VPN က သင့်ကို အွန်လိုင်းမှာ ခြေရာဖျောက်ပေးနိုင်ပါတယ်။ အခုဆိုရင် VPN ပါတဲ့ Antivirus တော်တော်များများ ထွက်လာပါပြီ။ အဲဒီအထဲကမှ ၂၀၂၁ ခုနှစ်ရဲ့ VPN ပါတဲ့ အကောင်းဆုံး Antivirus ၅ ခုကို ဖော်ပြလိုက်ပါတယ်။

Norton 360

Norton 360 က Antivirus တွေထဲမှာ နာမည်ကြီး တစ်ခု ဖြစ်ပြီး VPN ပါပါတယ်။ Virus တွေကို အချိန်ပြည့်ကာကွယ်ပေးနိုင်သလို Malware Detection Rate ကလည်း မြင့်ပါတယ်။ လုပ်ဆောင်ချက်တွေ တော်တော် စုံလင်ပြီး VPN ကလည်း လုံခြုံပါတယ်။ နိုင်ငံပေါင်း ၂၉ ခုက ဆာဗာပေါင်း ၇၃ ခုကို သုံးနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကို အောက်မှာ လေ့လာကြည့်ပါ။

  • Real-time threat protection
  • 100GB of Cloud Backup
  • Online Threat Protection
  • Unlimited Secure VPN
  • Parental Controls
  • Privacy Monitor

အားနည်းချက် တစ်ခုက Killswitch မပါတာပါ။ Norton Secure VPN ကို သီးခြား ဝယ်သုံးရင်တော့ Settings ထဲမှာ ပါပါတယ်။

McAfee Total Security With VPN

Antivirus လို့ ဆိုလိုက်ရင် McAfee ကလည်း နာမည်ကြီးပါတယ်။ McAfee Total Security With VPN မှာတော့ VPN ပါထည့်သွင်းထားတဲ့အတွက် ပိုလုံခြုံပါတယ်။ လုပ်ဆောင်ချက်တွေကလည်း စုံလင်ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

  • Its top features include:
  • Unlimited VPN
  • Excellent phishing protection
  • Identify theft monitoring
  • Safe Family parental controls
  • File encryption
  • Full family security
  • Easy to use interface

အားနည်းချက်က VPN မှာ Killswitch မပါတာပါ။

Avira Prime

Avira Prime က Antivirus တွေထဲမှာ လုပ်ဆောင်ချက်တွေ တော်တော်စုံပြီး Web Protection , Ad Blocking, Privacy Protection နဲ့ System Maintenance စတာတွေ ပါဝင်ပါတယ်။ ဖိုင်တွေကို လုံလုံခြုံခြုံ ဖျက်ပေးတာ အပါအဝင် လုပ်ဆောင်ချက်တွေကို အောက်မှာ လေ့လာပါ။

  • Unlimited Phantom Pro, Avira’s VPN
  • Unlimited data
  • Unlimited devices
  • Kill switch (on Windows devices only)
  • P2P file sharing
  • Data encryption
  • Tech support
  • Unblocked streaming websites
  • No logs policy

မတ်လနဲ့ ဧပြီလအတွင်းက Zero-day Attack စမ်းသပ်ချက်မှာ ၉၉ ရာခိုင်နှုန်းကျော်တောင်ရထားပါတယ်။

Bitdefender Total Security

VPN ပါတဲ့ နောက်ထပ် Antivirus တစ်ခုက Bitdefender Total Security ပါ။ Bitdefender က ဆုရထားတဲ့ နာမည်ကြီး Antivirus တစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်တွေကို အောက်မှာ လေ့လာပါ။

  • Real-time protection
  • Network threat protection
  • Web attack prevention
  • Anti-phishing protection
  • Anti-fraud protection
  • A rescue environment

VPN သုံးရတာလည်း လွယ်ကူပြီး Killswitch ပါပါတယ်။ Streaming Site တချို့ကို Unblock လုပ်ပေးနိုင်ပြီး Leak Protection ပါပါတယ်။

အနှစ်ချုပ်

၂၀၂၁ ခုနှစ်မှာ လုံခြုံရေးအတွက် Antivirus သုံးရုံနဲ့ မရတော့ပါဘူး။ သင့်  တည်နေရာကို ခြေရာခံလို့ မရအောင် VPN ပါတဲ့ Antivirus တွေကို အသုံးပြုသင့်ပါတယ်။

Ref : makeuseof