စစ်တမ်း ကောက်ယူဖို့နဲ့ မှတ်ပုံတင်ဖို့အတွက်  Form တွေ ဖန်တီးကြရပါတယ်။ အဲဒီလို ဖန်တီးဖို့အတွက် App တွေ Download လုပ်စရာ မလိုဘဲ အွန်လိုင်းမှာ Form Builder Website တွေ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံး ၃ ခုကို ပြောပြချင်ပါတယ်။

၁။ HubSpot Free Online Form Builder

HubSpot Free Online Form Builder မှာ လုပ်ဆောင်ချက် စုံလင်လှပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ လုံးဝ အခမဲ့သုံးနိုင်ပြီး Sign Up လုပ်ကာ Form တွေ ဖန်တီးနိုင်ပါတယ်။ Drag-and-drop Form Builder ဖြစ်တဲ့အတွက် ဖန်တီးရတာ လွယ်ကူပြီး သင် မေးချင်တဲ့ မေးခွန်းတွေနဲ့ Field တွေကို ထည့်သွင်းနိုင်ပါတယ်။ နည်းပညာ မကျွမ်းကျင်သူတွေတောင် အသုံးပြုနိုင်ပါတယ်။

အဲဒီမှာ သင့် Form အတွက် Field ပေါင်း ၁,၀၀၀ အထိ ထောက်ပံ့ပေးထားပြီး Field ၁ ခုစီအတွက် မတူညီတဲ့ Option များစွာ ရွေးချယ်နိုင်ပါတယ်။ Dropdown Option Checkbox နဲ့ Date Picker တွေ ထောက်ပံ့ထားပါတယ်။

အကောင်းဆုံး လုပ်ဆောင်ချက်က Form တွေကို သင့် Website မှာ ထည့်သွင်းနိုင်တာ ဖြစ်ပြီး စီးပွားလုပ်ငန်းငယ်တွေအတွက် သင့်တော်ပါတယ်။

၂။ Google Forms

Google Forms ကို လူသုံးများကြပြီး လွယ်ကူ လျှင်မြန်စွာ Form တွေ ဖန်တီးနိုင်ပါတယ်။ Google က အသင့်သုံးနိုင်ဖို့ Party Invites နဲ့ Event Registration တွေလို Template တွေကို ဖန်တီးပေးထားပါတယ်။ ဒါမှမဟုတ် သင့် စိတ်ကြိုက် Form တွေ ဖန်တီးနိုင်ပြီး မတူညီတဲ့ Form Field တွေ ထည့်သွင်းနိုင်ပါတယ်။

Google Forms ကို အခမဲ့ အသုံးပြုနိုင်ပြီး လုံခြုံရေးနဲ့ Control တွေ ပိုကောင်းတဲ့ Business Plan ကိုလည်း ပံ့ပိုးပေးထားပါတယ်။ ဒါဟာ Google Workspace ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး Gmail , Drive နဲ့ Doc Suites တွေကိုပါ သုံးနိုင်ပါတယ်။

၃။ Growform

Growform မှာ လုပ်ဆောင်ချက်တွေများပြားပြီး Multi-stop Form Builder ပါပါတယ်။ လုပ်ငန်းသုံးဖို့အတွက် Template ၂၀ ကျော် ထည့်သွင်းထားပြီး Conversion Rate မြင့်မားအောင် တည်ဆောက်ထားပါတယ်။ သင့်ရဲ့ Form စွမ်းဆောင်ရည် ကောင်းစေဖို့ Growform က တာဝန်ယူပေးမှာဖြစ်ပြီး Growform ကို Website မှာ ထည့်သွင်းရတာလည်း လွယ်ကူပါတယ်။

Ref : makeuseof