ဝိုင်ဖိုင် ဆက်သွယ်မှု ရှိနေရင် ဖုန်းဘေ ကုန်တာ သက်သာမှာပါ။ ဝိုင်ဖိုင်ကို သုံးကာ အခမဲ့ ဖုန်းပြော၊ စာပို့ နိုင်တဲ့ App များစွာ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံး Apps ၇ ခုကို ပြောပြချင်ပါတယ်။

၁။ TextNow

TextNow ကို အင်စတောလုပ်ထားတဲ့ လူတွေ အချင်းချင်း အခမဲ့ အကန့်အသတ် မရှိဖုန်းပြောနိုင်ပေမယ့် ကြိုးဖုန်းတွေ၊ တခြား မိုဘိုင်း ဖုန်းတွေကို ဖုန်းခေါ်ချင်ရင်တော့ အခကြေးငွေ ပေးရမှာပါ။ TextNow ရဲ့ မိုက်တဲ့ လုပ်ဆောင်ချက်တွေထဲမှာ Voicemail တွေကို စာသားနဲ့ ပြသပေးတာ၊   Call Forwarding နဲ့ Inbound Number သတ်မှတ်လို့ရတာတွေ ပါဝင်ပါတယ်။ Android , iOS သာမက Windows နဲ့ macOS အတွက် ထုတ်လုပ်ပေးထားပါတယ်။

Download

Android

iOS

၂။ Text Free

Text Free ကို Pinger က ဖန်တီးထားတာ ဖြစ်ပြီး ဝိုင်ဖိုင် သုံးကာ Text Free သုံးသူ အချင်းချင်း အခမဲ့ ဖုန်းပြောနိုင်ပါတယ်။ တခြား ဖုန်းတွေကို ခေါ်ချင်ရင်တော့ အခကြေးငွေ ပေးရမှာပါ။ မိုက်တာတစ်ခုက ကြော်ငြာ ဗီဒီယိုတွေ ကြည့်ရင် အခမဲ့ ဖုန်းပြောနိုင်တဲ့ မိနစ်‌တွေ လက်ဆောင်ရမှာပါ။ အခပေးပြောချင်ရင် မိနစ် ၁၀၀ ကို ၁.၉၉ ဒေါ်လာ ကျသင့်မှာပါ။ Text Free မှာ ကြော်ငြာတွေ ထည့်သွင်းထားပြီး Android နဲ့ iOS အတွက် ထုတ်လုပ်ပေးထားပါတယ်။

Download

Android

iOS

၃။ WhatsApp

WhatsApp ကို လူတော်တော်များများ သိကြပါတယ်။ WhatsApp အင်စတောလုပ်ထားတဲ့ လူအချင်းချင်း ဖုန်းပြော၊ စာပို့နိုင်ပေမယ့် တခြား ဖုန်းတွေကို ဆက်သွယ်ဖုန်းပြောလို့ မရပါဘူး။ WhatsApp ရဲ့ အားသာချက်က လူသုံးများတာပါ။ TextNow နဲ့ Text Free ထက် မိုက်တဲ့ လုပ်ဆောင်ချက်တွေက Video Call နဲ့ Group Calling တွေ ဖြစ်ပါတယ်။

Download

Android

iOS

၄။ Google Duo

Google Duo ကို Android နဲ့ iOS အတွက် ထုတ်လုပ်ထားပြီး ဝိုင်ဖိုင် သုံးကာ ဖုန်းပြောနိုင်ပါတယ်။ အမိုက်စား လုပ်ဆောင်ချက်က လူ ၃၂ ယောက်အထိ Group Chat ပြုလုပ်နိုင်တာ၊ In-call Photo ၊ Voice Only Call နဲ့ Low Light Mode တွေ ဖြစ်ပါတယ်။ Google Duo Family Mode က တော်တော်မိုက်ပြီး Video Call ပြုလုပ်နေချိန်မှာ လက်နဲ့ ပုံဆွဲနိုင်ပါတယ်။

Download

Android

iOS

၅။ Dingtone

ဝိုင်ဖိုင်သုံးကာ အခမဲ့ ဖုန်းပြော၊ စာပို့နိုင်တဲ့ နောက်ထပ် App တစ်ခုက Dingtone ဖြစ်ပါတယ်။ အကန့်အသတ် မရှိ စာပို့၊ ဖုန်းပြောနိုင်သလို ကြိုးဖုန်းတွေကိုပါ အခမဲ့ ဖုန်းခေါ်နိုင်တာက မိုက်ပါတယ်။ Dingtone က သင့်အတွက် သီးခြား ဖုန်းနံပါတ် ၁ ခု ပေးမှာ ဖြစ်ပြီး အလုပ်ကိစ္စ သို့မဟုတ် Private Number အတွက် သုံးရင် အဆင်ပြေပါတယ်။

Download

Android

iOS

၆။ Talkatone

Talkatone က သင့်အတွက် အမေရိကန် ဖုန်းနံပါတ် ၁ ခုကို အခမဲ့ ပေးမှာ ဖြစ်ပြီး ဖုန်းပြော၊ စာပို့နိုင်ပါတယ်။ ဝိုင်ဖိုင် သို့မဟုတ် မိုဘိုင်း ဒေတာကို သုံးကာ ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ပြီး Android နဲ့ iOS အတွက် ထုတ်လုပ်ပေးထားပါတယ်။

Download

Android

iOS

၇။ Skype

Skype က နာမည်ကြီး App တစ်ခု ဖြစ်ပြီး Microsoft က ဖန်တီးထားတာပါ။ Skype User အချင်းချင်း အခမဲ့ ဖုန်းပြောနိုင်ပြီး ကြိုးဖုန်းနဲ့ တခြား ဖုန်းတွေကို ဖုန်းခေါ်ချင်ရင် အခကြေးငွေပေးရမှာပါ။ Payment Plan များစွာ ရှိပြီး ဖုန်းခေါ်တဲ့ နိုင်ငံအလိုက် အခကြေးငွေ ကွဲပြားသွားမှာပါ။

Download

Android

iOS

ref : makeuseof