Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Poco ကို Redmi လိုမျိုးပဲ သီးသန့် Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပါတယ်။ ဒီလိုမျိုး သီးသန့် Sub-brand တစ်ခုဖြစ်လာပြီးနောက်ပိုင်းမှာ Poco ရဲ့ ပထဆုံးစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Pocophone F1 က Android 10 Update ကိုရရှိလာပြီဖြစ်ပါတယ်။

ဒါကတော့ Xiaomi Pocophone F1 ကို အသုံးပြုသူတွေကနေ Android 10 ကို အခြေခံထားတဲ့ MIUI 11 Update ကို ရရှိနေတာဖြစ်တယ်ဆိုပြီး ဖော်ပြလာခဲ့တာကနေ သိရတာဖြစ်ပါတယ်။ ဒီ MIUI 11 Version အနေနဲ့ Version 11.0.4.0QEJMIXM ဖြစ်ပြီးတော့ January 1st Android Security Patch ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Xiaomi Pocophone F1 ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Updater App ကနေတစ်ဆင့် အခု Update ကို Download ရယူနိုင်မှာဖြစ်ပြီးတော့ File Size အနေနဲ့ 1.9GB ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ အဆိုပါ MIUI 11 Update နဲ့အတူ System-wide Dark Theme ၊ Scrolling Screenshot နဲ့ Game Turbo လိုမျိုး Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Pocophone F1 ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက စတင်ရောင်းချတဲ့အချိန်မှာ Android 8.1 Oreo နဲ့ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် အခု Update ဟာ ဒုတိယမြောက် Major Android Version Update လို့ ပြောလို့ရပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena