Zawgyi

ZTE ရဲ႕ ဖုန္းအသစ္ျဖစ္တဲ့ Nubia Red Magic Mars (Red Magic 2) ရဲ႕ Benchmark ရလဒ္ေတြကေတာ့ အင္တာနက္မွာ ပ်ံ႕ႏွံ႔လို႔ေနပါျပီ။ အရင္အပတ္ကပဲ Master Lu နဲ႔ AnTuTu တို႔မွ Nubia Red Magic ရဲ႕ Benchmark ရလဒ္ေတြ ထြက္ေပၚခဲ့ျပီး အခုအခါမွာေတာ့ Geekbench ရလဒ္ေတြထြက္ေပၚလာပါျပီ။

ဖုန္းေမာ္ဒယ္ နံပါတ္ “nubia NX619J” လို႔ကုဒ္နာမည္ေပးထားတဲ့ အဆိုပါ ဖုန္းဟာ Android 9 ကို အသံုးျပဳထားျပီး Snapdragon 845 အသံုးျပဳထားပါတယ္။ RAM ပမာဏကေတာ့ 6GB ပါဝင္ပါတယ္။ Single-core Test မွာ 2375 ရရွိထားျပီး Multi-core Test မွာေတာ့ 9066 ထိရရွိထားပါတယ္။ ဂိမ္းအသားေပးဖုန္းတစ္လံုးအျဖစ္ထြက္လာတာျဖစ္ျပီး ထြက္ရွိလာတဲ့ Benchmark ေတြအရလည္း Razer Phone 2 တို႔လို Gaming Phone ေတြနဲ႔ မတိမ္းမယိမ္းျဖစ္ေနတာေတြ႔ရပါတယ္။

Nubia Red Magic ရဲ႕ Benchmark ေတြဟာ အေပၚမွာေျပာသြားသလိုပဲ Master Lu နဲ႔ AnTuTu တို႔မွာ အရင္ထြက္ေပၚခဲ့တာျဖစ္ျပီး အဆိုပါ Site ေတြေပၚမွာထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရ စမ္းသပ္ခဲ့တဲ့ Nubia Red Magic ဖုန္းေတြမွာ RAM 10GB နဲ႔ 8GB အသီးသီးစီျဖစ္ပါတယ္။ အခုတစ္ခါ Geekbench မွာစမ္းသပ္ခဲ့တဲ့ဖုန္းမွာေတာ့ RAM 6GB ပါဝင္တဲ့အတြက္ Nubia Red Magic ကို RAM ပမာဏ သံုးမ်ိဳးနဲ႔ထုတ္လုပ္မယ္ဆိုတဲ့ သတင္းကေတာ့ မွန္ေနပါျပီ။ Nubia Red Magic ဟာ Gaming ပိုင္းဦးစားေပးဖုန္း တစ္လံုးျဖစ္တာနဲ႔အညီ 7.1 Channels DTS Surround Sound, 4D Smart Shock နဲ႔ Shoulder Buttons ေတြပါဝင္ပါတယ္။ ႏိုဝင္ဘာ ၂၈ မွာ စတင္မိတ္ဆက္မွာျဖစ္ျပီး ဒီဇင္ဘာလထဲမွာ စတင္ေရာင္းခ်မွာပါ။ ေရာင္းခ်နဲ႔ေစ်းနဲ႔ တစ္ျခား အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မိတ္ဆက္မယ့္ ရက္နီးမွပဲ သိရပါလိိမ့္မယ္။

Ref: XDA

Unicode

ZTE ရဲ့ ဖုန်းအသစ်ဖြစ်တဲ့ Nubia Red Magic Mars (Red Magic 2) ရဲ့ Benchmark ရလဒ်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့လို့နေပါပြီ။ အရင်အပတ်ကပဲ Master Lu နဲ့ AnTuTu တို့မှ Nubia Red Magic ရဲ့ Benchmark ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး အခုအခါမှာတော့ Geekbench ရလဒ်တွေထွက်ပေါ်လာပါပြီ။

ဖုန်းမော်ဒယ် နံပါတ် “nubia NX619J” လို့ကုဒ်နာမည်ပေးထားတဲ့ အဆိုပါ ဖုန်းဟာ Android 9 ကို အသုံးပြုထားပြီး Snapdragon 845 အသုံးပြုထားပါတယ်။ RAM ပမာဏကတော့ 6GB ပါဝင်ပါတယ်။ Single-core Test မှာ 2375 ရရှိထားပြီး Multi-core Test မှာတော့ 9066 ထိရရှိထားပါတယ်။ ဂိမ်းအသားပေးဖုန်းတစ်လုံးအဖြစ်ထွက်လာတာဖြစ်ပြီး ထွက်ရှိလာတဲ့ Benchmark တွေအရလည်း Razer Phone 2 တို့လို Gaming Phone တွေနဲ့ မတိမ်းမယိမ်းဖြစ်နေတာတွေ့ရပါတယ်။

Nubia Red Magic ရဲ့ Benchmark တွေဟာ အပေါ်မှာပြောသွားသလိုပဲ Master Lu နဲ့ AnTuTu တို့မှာ အရင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဆိုပါ Site တွေပေါ်မှာထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ စမ်းသပ်ခဲ့တဲ့ Nubia Red Magic ဖုန်းတွေမှာ RAM 10GB နဲ့ 8GB အသီးသီးစီဖြစ်ပါတယ်။ အခုတစ်ခါ Geekbench မှာစမ်းသပ်ခဲ့တဲ့ဖုန်းမှာတော့ RAM 6GB ပါဝင်တဲ့အတွက် Nubia Red Magic ကို RAM ပမာဏ သုံးမျိုးနဲ့ထုတ်လုပ်မယ်ဆိုတဲ့ သတင်းကတော့ မှန်နေပါပြီ။ Nubia Red Magic ဟာ Gaming ပိုင်းဦးစားပေးဖုန်း တစ်လုံးဖြစ်တာနဲ့အညီ 7.1 Channels DTS Surround Sound, 4D Smart Shock နဲ့ Shoulder Buttons တွေပါဝင်ပါတယ်။ နိုဝင်ဘာ ၂၈ မှာ စတင်မိတ်ဆက်မှာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ စတင်ရောင်းချမှာပါ။ ရောင်းချနဲ့ဈေးနဲ့ တစ်ခြား အသေးစိတ်အချက်အလက်တွေကိုတော့ မိတ်ဆက်မယ့် ရက်နီးမှပဲ သိရပါလိမ့်မယ်။

Ref: XDA